“ဒဏ်ရာရကစားသမားတွေ ကွင်းပြင်မှာ တစ်မိနစ်စောင့်ဆိုင်းပြီးမှ ပြန်ကစားရမယ်”

25 Feb

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က ဒဏ်ရာရလို့ ကုသမှုခံယူခဲ့ရတဲ့ ကစားသမားတွေ ကွင်းပြင်မှာ တစ်မိနစ် စောင့်ဆိုင်းပြီးမှ ပြန်လည်ကစားရမယ့် ဥပဒေသစ်ကို အဆိုတင်သွင်းခဲ့ပါတယ်။ FIFA အဆိုတင်သွင်းတဲ့ တစ်မိနစ်ဥပဒေကို စနေနေ့မှာပြုလုပ်မယ့် နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့ အစည်းအဝေးမှာ အတည်ပြုမှာ ဖြစ်ပါတယ်။ FIFA ဟာ ပွဲအရှိန် ရပ်တန့်စေမှုနဲ့ အချိန်ဆုံးရှုံးစေမှုကို တားဆီးဖို့အရေး ဥပဒေသစ်ထုတ်ဖို့ ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။ လိဂ်ပြိုင်ပွဲတွေမှာတော့ ကိုယ်ပိုင်စည်းမျဉ်းရှိပြီး ပရီးမီးယားလိဂ် ဟာ ၂၀၂၃-၂၄ ရာသီကတည်းက စက္ကန့် ၃၀ စည်းမျဉ်းကို အသုံးပြုခဲ့ပါတယ်။ FIFA အနေနဲ့ ဒီဇင်ဘာလအတွင်းက ကျင်းပခဲ့တဲ့ အာရပ်ဖလားပြိုင်ပွဲမှာ ကစားသမားတစ်ဦးအနေနဲ့ ကွင်းပြင်ပမှာ နှစ်မိနစ်စောင့်ဆိုင်းရမှုကို စမ်းသပ်ခဲ့ပါတယ်။ FIFA ဒိုင်လူကြီးအကြီးအကဲဖြစ်တဲ့ နာမည်ကျော် ဒိုင်လူကြီးဟောင်း ကော်လီနာ က ဥပဒေသစ်ကို ထောက်ခံမှုပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် တစ်မိနစ်ကြာချိန်ဟာ ပွဲအဖြေကို သက်ရောက်မှုရှိနိုင်တယ်ဆိုပြီး စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။ (NVS 008)

25 Feb

ADVERTISE HERE .