“အသက် ၁၆ နှစ်သာရှိသေးတဲ့ နောဝစ်ချ်အကယ်ဒမီကစားသမားကို ခေါ်ယူခဲ့တဲ့ ဘာစီလိုနာအသင်း”

25 Feb

ဘာစီလိုနာအသင်းဟာ နောဝစ်ချ်အကယ်ဒမီမှ အသက် ၁၆ နှစ်အရွယ် တောင်ပံကစားသမား အာဂျေးတာဗာရက်စ် ကို ခေါ်ယူခဲ့ပါတယ်။ ဥရောပကလပ်အများအပြားက တာဗာရက်စ် ကို ခေါ်ယူရန် စိတ်ဝင်စားခဲ့ကြပြီး ဘာစီလိုနာအသင်းက လက်ဦးမှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ နောဝစ်ချ်အသင်းဟာ တာဗာရက်စ် နဲ့ ပရိုစာချုပ် မချုပ်ဆိုရသေးလို့ နစ်နာကြေးသာ ရရှိမှာဖြစ်ပါတယ်။ တာဗာရက်စ် ဟာ နောဝစ်ချ် ယူ-၁၂ အသင်းကို ပထမဆုံးရောက်ရှိပြီး ပြီးခဲ့တဲ့နှစ်နွေရာသီက ဒတ်ချ်ကလပ် ဗော်လန်ဒမ်နဲ့ကစားတဲ့ ရာသီကြိုခြေစမ်းပွဲမှာ ၁၅ နှစ်အရွယ်နဲ့ လူစားဝင်ကစားခဲ့ပါတယ်။ တာဗာရက်စ် အနေနဲ့ အင်္ဂလန် ယူ-၁၅၊ ယူ-၁၆၊ ယူ-၁၇ အသင်းတွေကိုလည်း ကိုယ်စားပြုကစားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ၂၀၂၀ ပြည့်နှစ်ဝန်းကျင်ကလည်း အင်္ဂလိပ်လူငယ်ကစားသမားနှစ်ဦးကို ခေါ်ယူခဲ့ဖူးကြောင်းသိရပါတယ်။ (NVS 008)

25 Feb

ADVERTISE HERE .