“ဘယ်လင်ဂမ်နဲ့ မီလီတို ဧပြီလမှ ပြန်ကစားနိုင်ဖွယ်ရှိနေ”
25 Feb
ရီးရဲလ်အသင်းရဲ့ ဒဏ်ရာရကစားသမားများဖြစ်တဲ့ ဘယ်လင်ဂမ် နဲ့ နောက်ခံကစားသမား မီလီတို တို့ဟာ လာမယ့်ဧပြီလအစပိုင်းမှ ပြန်လည်ကစားနိုင်ဖွယ် ရှိနေပါတယ်။ အဆိုပါကစားသမား နှစ်ဦးစလုံးဟာ ကြွက်သား ဒဏ်ရာပြဿနာနဲ့ အသီးသီးအနားယူနေရတာ ဖြစ်ပါတယ်။ မီလီတိုဟာ ဒီဇင်ဘာလ ၇ ရက်က ဆယ်လ်တာဗီဂိုနဲ့ပွဲမှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ဧပြီလမှ ပြန်ကစားနိုင်ပါက အနားယူရမယ့်ကာလဟာ လေးလဝန်းကျင်ရှိသွားနိုင်ပါတယ်။ ဘယ်လင်ဂမ် က ဖေဖော်ဝါရီလ ၁ ရက်တွင် ဗယ်လက်ကာနိုအသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာရခဲ့ကာ အစောပိုင်းကတစ်လလောက်သာ အနားယူရမယ်လို့ ခန့်မှန်းထားခဲ့ ပါတယ်။ ဘယ်လင်ဂမ်နဲ့ မီလီတိုတို့ နှစ်ဦးစလုံးဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပါတယ်။ ရီးရဲလ်အသင်းက သူတို့နှစ်ဦးကို ဧပြီလဆန်းရောက်မှ အသင်းအတွက် ပြန်ကစားနိုင်မယ်လို့ ယုံကြည်နေပါတယ်။ (NVS 008)
25 Feb