“အမေရိကန်၏ ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘော အရှေ့အလယ်ပိုင်းသို့ ဦးတည်သွားနေ”

25 Feb

အမေရိကန်၏ ကမ္ဘာ့အကြီးဆုံးသော လေယာဉ်တင်သင်္ဘောကြီးဖြစ်သည့် USS Gerald R. Ford သည် အရှေ့အလယ်ပိုင်းရှိ အင်အားချဲ့ထွင်မှုတွင်ပူးပေါင်းရန် ဦးတည်သွားနေကြောင်းနှင့် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ဂရိနိုင်ငံ ခရီတစ်ကျွန်းရှိ ဆူဒါပင်လယ်အော် အမေရိကန်ရေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိလာကြောင်းသိရသည်။ အနောက်အုပ်စုက အဏုမြူလက်နက်ထုတ်လုပ်ရန် ရည်ရွယ်သည်ဟု စိုးရိမ်လျက်ရှိသည့် အီရန်၏နျူကလီးယား အစီအစဉ်နှင့်ပတ်သက်၍ အပေးအယူအသစ်မလုပ်ဆောင်ပါက စစ်ရေးအရအရေးယူမည်ဟု အမေရိကန်သမ္မတ ထရမ့်က ထပ်တလဲလဲခြိမ်းခြောက်ထားပြီးနောက် အရှေ့အလယ်ပိုင်းတွင် စစ်အင်အားကိုတိုးမြှင့်ဖြန့်ကြက်နေခြင်းဖြစ်သည်။ လက်ရှိတွင် အမေရိကန်သည် အရှေ့အလယ်ပိုင်း၌ USS Abraham Lincoln အပါအဝင် အနည်းဆုံးစစ်သင်္ဘော ၁၂ စင်း ဖြန့်ကြက်ပြီးဖြစ်ရာ ယခုကဲ့သို့လေယာဉ်တင်သင်္ဘောနှစ်စင်းအထိ အင်အားတိုးမြှင့်ဖြန့်ကြက်ခြင်းမှာ ဖြစ်ခဲသော အခြေအနေဖြစ်သည်။ အရှေ့အလယ်ပိုင်းသို့ ဦးတည်လာနေသော လေယာဉ်တင်သင်္ဘောသည် လေယာဉ်လွှတ်တင်မှု စနစ်အသစ်များဖြင့် စွမ်းဆောင်ရည်မြင့်မားစွာ တည်ဆောက်ထားသည့် အကြီးဆုံးစစ်သင်္ဘောလည်း ဖြစ်သည်။

25 Feb

ADVERTISE HERE .