“ရတနာစေတီဆင်များရှင်ဘုရားကြီး၏ ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနား ပြုလုပ်”
25 Feb
စစ်ကိုင်းမြို့ ကျက်သရေဆောင် ရတနာစေတီဆင်များရှင်ဘုရားကြီး၏ ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာနှင့် ရေစက်ချမင်္ဂလာ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၄ ရက်က စစ်ကိုင်းမြို့ ရတနာစေတီဆင်များရှင်ဘုရား ဓမ္မဗိမာန်တော်ကြီးမှာ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ရတနာစေတီဆင်များရှင်ဘုရားကြီးသည် ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရခြင်းဖြစ်ပြီး စောင်းတန်း၊ တန်ဆောင်း၊ ဗိမာန်တော်ကြီးနှင့် သာသနိကအဆောက်အဦးများကိုလည်း အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ပြန်လည်ပြုပြင်ခဲ့ကြခြင်း ဖြစ်ပါတယ်။ အခမ်းအနားကို ရွှေကျင်နိကာယသာသနာပိုင်၊ နိုင်ငံတော်ဩဝါဒစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိသီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်ခဲ့ကြပြီး စစ်ကိုင်းမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပုံ၊ အလှူရှင်မိသားစုများ၊ မြို့မိမြို့ဖများ၊ ဘုရားဂေါပကအဖွဲ့၀င်များ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။ (NVS 004)