“မြန်မာ- တရုတ်နှစ်နိုင်ငံအပြန်အလှန်ထောက်ခံရပ်တည်ရေးဆွေးနွေး”
25 Feb
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စမာကျား တို့က ဖေဖော်ဝါရီ ၂၄ ရက်တွင် နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံစဥ် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာမှာ နှစ်နိုင်ငံအပြန်အလှန် ထောက်ခံရပ်တည်သွားရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ မြန်မာ-တရုတ်နှစ်နိုင်ငံကြား ရှိရင်းစွဲဆွေမျိုးပေါက်ဖော် ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ရေး၊ မြန်မာနိုင်ငံ အတွင်း ရေရှည်တည်တံ့ခိုင်မာတဲ့ ငြိမ်းချမ်းရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှု များကို ပိုမိုမြှင့်တင်ဆောင်ရွက်ရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဆက်လက်ပြီး တရားဝင်စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ရာမှာ ရင်းနှီးမြှုပ်နှံရေး၊ နယ်စပ်ဒေသရှိ အွန်လိုင်းလောင်းကစားနှင့် တရားမဝင်လုပ်ငန်းများ ပူးပေါင်း တိုက်ဖျက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ (NVS 004)