“ဖေဖော်ဝါရီလ ၂၈ ရက်မှစတင်၍ ရန်ကုန်မြို့ရှိ ဖင်လန်နိုင်ငံသံရုံးကို ပိတ်သိမ်းမည်”

25 Feb

ရန်ကုန်မြို့ရှိ ဖင်လန်နိုင်ငံသံရုံးကို ယခုလဖေဖော်ဝါရီလ ၂၈ ရက်မှစတင်၍ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဖင်လန်သံရုံးက ထုတ်ပြန်ကြေညာပါတယ်။ အခုလိုပိတ်သိမ်းခြင်းကြောင့် ကောင်စစ်ဝန်ဆောင်မှုများ၊ ပတ်စ်ပို့၊ နေထိုင်ခွင့်လျှောက်လွှာဆိုင်ရာ နိူတြီထောက်ခံလက်မှတ်များ အပါအဝင် ကောင်စစ်ဆိုင်ရာအလုပ်များအားလုံးကို ဘန်ကောက်မြို့ရှိ ဖင်လန်သံရုံးမှ ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။ နေထိုင်ခွင့်လက်မှတ် (residence permits)လျှောက်ထားရန်အတွက် [email protected] (or) [email protected] အီးလ်မေးသို့ ဆက်သွယ်ရန်အသိပေးထားပြီး ဗီဇာနဲ့ သက်ဆိုင်သောဝန်ဆောင်မှုများအတွက် ဂျာမနီနိုင်ငံက ကိုယ်စားလုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ အခြားကိစ္စရပ်များနှင့်ပတ်သက်၍ ဖင်လန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ တောင်အာရှနှင့်တောင်အရှေ့အာရှဆိုင်ရာဌာနကို ဆက်သွယ်နိုင်ကြောင်းကြေညာထားပါတယ်။ (NVS 004)

25 Feb

ADVERTISE HERE .