အက်စတွန်ဗီလာနှင့် စပါးအသင်းတို့က ပါဗယ်ဆူလ် ကိုခေါ်ယူရန် အပြိုင်စိတ်ဝင်စား
24 Feb
ပရီးမီးယားလိဂ် ကလပ်အသင်းများဖြစ်တဲ့ အက်စတွန်ဗီလာနှင့် စပါးအသင်းတို့က လိုင်ယွန်အသင်း ကွင်းလယ်ကစားသမား ပါဗယ်ဆူလ် ကို ခေါ်ယူရန် အပြိုင်စိတ်ဝင်စားလျက်ရှိပါတယ်။ အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမား ပါဗယ်ဆူလ် ဟာ လိုင်ယွန်အသင်းနှင့်အတူ ယခုနှစ် ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၂၉ ပွဲကစားပြီး ၁၃ ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ပရီးမီးယားလိဂ် ကလပ်အသင်းများက အပြိုင်ခေါ်ယူရန် စိတ်ဝင်စားလာခြင်းဖြစ်ပါတယ်။ လိုင်ယွန်အသင်းကလည်း ပါဗယ်ဆူလ် အတွက် မြင့်မားသည့် ပြောင်းရွှေ့ကြေးတစ်ရပ်ရရှိပါက မည်သည့် အသင်းကိုမဆို ရောင်းချသွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)
24 Feb