Genesis Invitational ဂေါက်သီးရိုက်ပြိုင်ပွဲချန်ပီယံဆုကို အမေရိကန်ဂေါက်သီးရိုက်ကစားသမား ဘရစ်ချ်မန်း ဆွတ်ခူး
24 Febအမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျယ်လိစ်ကောင်တီတွင် ကျင်းပခဲ့သည့် Genesis Invitational ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမေရိကန်ဂေါက်သီးရိုက်ကစားသမား ဘရစ်ချ်မန်း က စုစုပေါင်းသတ်မှတ် ရိုက်ချက်ထက် ၁၈ ချက်လျှော့ရိုက်ကာ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ကြောင်း သိရပါတယ်။ အမေရိကန် ဂေါက်သီးရိုက်ကစားသမား ကီတာယာမာ နှင့် မြောက်အိုင်ယာလန် ဂေါက်သီးရိုက်ကစားသမား မက်အီရွိုင်း တို့က စုစုပေါင်းသတ်မှတ်ရိုက်ချက်ထက် ၁၇ ချက်စီလျှော့ရိုက်ကာ အမှတ်ပေးဇယား၏ ဒုတိယနေရာတွင် ပူးတွဲရပ်တည်ခဲ့ကြပြီး ဩစတြေးလျ ဂေါက်သီးရိုက်ကစားသမား အာဒမ်စကော့ က စုစုပေါင်းသတ်မှတ်ရိုက် ချက်ထက် ၁၆ ချက်လျှော့ရိုက်ကာ အမှတ်ပေးဇယား၏ တတိယနေရာတွင် ရပ်တည်ခဲ့ပါတယ်။ ဘရစ်ချ်မန်း ဟာ ကစားသမားဘဝမှာ ပထမဆုံး PGA Tour ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး တိုက်ဂါးဝုဒ် ကွင်းအတွင်းရှိချိန်တွင် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခြင်းဟာ သူ့အတွက် အကောင်းဆုံးအမှတ်တရဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)