စပါးကို ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံဖြစ်နိုင်ခြေ ၆ ရာခိုင်နှုန်းမြင့်တက်လာ
24 Feb
အာဆင်နယ်အသင်းဟာ ဖေဖော်ဝါရီလ ၂၂ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲမှာ စပါး အသင်းကို ၄ ဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်နိုင်ခြေ ၆ ရာခိုင်နှုန်းထိ မြင့်တက် လာခဲ့ကြောင်း Opta Analyst က ခန့်မှန်းခဲ့ပါတယ်။ မြောက်လန်ဒန်ဒါဘီပွဲမတိုင်ခင်က အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ခြေကို ၇၆ ဒသမ ၆၄ ရာခိုင်နှုန်း ခန့်မှန်းထားခဲ့သော် ပွဲအပြီးမှာတော့ ၈၂ ဒသမ ၈၄ ရာခိုင်နှုန်းထိ ခန့်မှန်းမှုမြင့်တက်လာခဲ့ပါတယ်။ မန်စီးတီးအသင်းရဲ့ ချန်ပီယံဖြစ်နိုင်ခြေကတော့ ၂၂ ဒသမ ၂၀ ရာခိုင်နှုန်းမှ ၁၆ ဒသမ ၃၆ ရာခိုင်နှုန်းသို့ ကျဆင်း သွားခဲ့ကြောင်းသိရပါတယ်။ လက်ရှိအချိန်မှာ မန်စီးတီးအသင်းဟာ အာဆင်နယ်အောက် တစ်ပွဲလျော့ ၅ မှတ် အကွာမှာ ရပ်တည်နေကာ မန်စီးတီးအသင်းက အိမ်ကွင်းမှာ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့လည်း ရှိနေပါသေးတယ်။ Opta Analyst က အက်စတွန်ဗီလာရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ခြေကို သုည ဒသမ ၇၇ ရာခိုင်နှုန်း၊ လီဗာပူးလ်၊ မန်ယူနဲ့ ချဲလ်ဆီးတို့ရဲ့ ချန်ပီယံဖြစ်နိုင်ခြေကို သုည ဒသမ ၀၁ ရာခိုင်နှုန်းလို့ ခန့်မှန်းထားကြောင်း သိရပါတယ်။(NVS 008)