ဘင်ဖီကာအသင်းမှ ပရက်စတီယန်နီ ကို လူမျိုးရေးခွဲခြားမှုစွဲချက်ဖြင့် ကနဦးတစ်ပွဲပိတ်ပင်ခဲ့

24 Feb

ချန်ပီယံလိဂ် knockout phase play-off အဆင့် ပထမအကျော့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကစားသမား ဗင်နီစီးယပ်စ် ကို ဘင်ဖီကာအသင်းကစားသမား ပရက်စတီယန်နီ က လူမျိုးရေးခွဲခြားမှုစွဲချက်နဲ့ ကနဦး တစ်ပွဲပိတ်ပင်ခဲ့ကြောင်း သိရပါတယ်။ ပရက်စတီယန်နီကတော့ လူမျိုးရေးခွဲခြားမှုစွဲချက်ကို အစောပိုင်းကတည်းက ငြင်းဆန်ထားခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက်မှာကစားခဲ့တဲ့ ချန်ပီယံလိဂ်ပထမအကျော့ပွဲစဉ်မှာ ဗင်နီစီးယပ်စ် က သူ့ကို ပရက်စတီယန်နီ ကနေ လူမျိုးရေးခွဲခြားတယ်ဆိုပြီး ဒိုင်လူကြီးကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။ အဆိုပါဖြစ်စဉ်မှာ ဗင်နီစီးယပ်စ် နဲ့ အသင်းဖော်တွေ ကွင်းပြင်ထွက်သွားခဲ့လို့ ပွဲကိုလည်း ၁၀ မိနစ်လောက် ရပ်နားခဲ့ရပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ယင်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ လူပုဂ္ဂိုလ်တစ်ဦးကို တာဝန်ပေးပြီးနောက် ပရက်စတီယန်နီ ကိုလည်း ကနဦး တစ်ပွဲပယ်ပြစ်ဒဏ်ကို ချမှတ်ခဲ့တာကြောင့် ပရက်စတီယန်နီ ဟာ ဖေဖော်ဝါရီလ မနက်အစောပိုင်းမှာကစားမယ့် ဒုတိယအကျော့ပွဲကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။(NVS 008)

24 Feb

ADVERTISE HERE .