အေစီမီလန်ကစားသမား လော့ဖ်တပ်ချိခ် မေးရိုးကျိုးခဲ့တာကြောင့် ရှစ်ပတ်ဝန်းကျင်အနားယူရမည်
24 Feb
အေစီမီလန်နဲ့ ပါးမားအသင်းတို့ပွဲစဉ်မှာ အင်္ဂလန်ကွင်းလယ်လူ လော့ဖ်တပ်ချိခ် မေးရိုးကျိုးခဲ့တာကြောင့် ရှစ်ပတ်ဝန်းကျင်အနားယူရမယ်လို့ အေစီမီလန်အသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။ လော့တပ်ဖ်ချိခ် ဟာ ဖြတ်တင်ဘောကို ခေါင်းခုန်တိုက်ဖို့ကြိုးပမ်းစဉ် ပါးမားဂိုးသမား ကော်ဗီ နဲ့ ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီး၊ ခရစ္စတယ်ပဲလေ့စ်နဲ့ ဖူလ်ဟမ်အသင်းတို့ရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ လော့တပ်ဖ်ချိခ် ဟာ မေးရိုးအပြင် သွားများပါကျိုးသွားခဲ့ကြောင်း သိရပါတယ်။ လော့တပ်ဖ်ချိခ် ကို ကွင်းထဲမှ ဦးခေါင်းထိန်းအကူပစ္စည်းနဲ့အတူ ထမ်းစင်နဲ့ သယ်ထုတ်သွားခဲ့ရပါတယ်။ အေစီမီလန်အသင်းက လော့တပ်ဖ်ချိ ရဲ့ ခွဲစိတ်ကုသမှုအောင်မြင်ခဲ့ပြီး ဆေးရုံကဆင်းခဲ့ပြီဖြစ်ပေမဲ့ ရှစ်ပတ်ဝန်းကျင် အနားယူရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ လော့တပ်ဖ်ချိခ် ရဲ့ ဒဏ်ရာကို ခွဲစိတ်ရန်ကြိုးပမ်းခဲ့သော်လည်း နောက်တစ်နေ့ မနက်ကျမှသာ ခွဲစိတ်ကုသခဲ့ရပါတယ်။(NVS 008)