၂၀၂၆ ခုနှစ်အတွင်း ပုသိမ်ပညာရေးဒီဂရီကောလိပ်ကို ပုသိမ်ဆရာအတတ်ပညာတက္ကသိုလ်အဖြစ် တိုးမြှင့်မည်

24 Feb

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလအတွင်း ပုသိမ်ပညာရေးဒီဂရီကောလိပ်ကို ပုသိမ်ဆရာအတတ်ပညာတက္ကသိုလ် အဖြစ် တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် က ပြောကြားခဲ့ပါတယ်။ ပြည်ထောင်ဝန်ကြီးက ကောလိပ်နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများအနေနဲ့ အထက်တန်းပြ ဆရာ၊ ဆရာမ အခွင့်အလမ်းများရှိတဲ့အတွက် ကြိုးစားသင်ယူကြစေလိုကြောင်း၊ ဒါ့အပြင် ပညာရေးဝန်ကြီးဌာနအနေနဲ့ ဆရာ၊ ဆရာမများကို မိမိတို့၏ဒေသများတွင် ဦးစားပေးတာဝန်ချထားမည်ဖြစ်သော်လည်း မိမိတို့ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ရမည့်ဟူသော ခံယူချက်ကောင်းများ ထားရှိကြရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြား ခဲ့ပါတယ်။ ဆရာ/ဆရာမလောင်းများအနေနဲ့ ကျောင်းသားများ၏ စံပြဖြစ်အောင်နေထိုင်မှသာ ကျောင်းသား‌၊ ကျောင်းသူ များ၏ ရိုသေလေးစားမှုကို ရရှိနိုင်မှာဖြစ်ကြောင်း ဒေါက်တာ ချောချောစိန် က ပြောကြားခဲ့ပါတယ်။(NVS 004)

24 Feb

ADVERTISE HERE .