လူနှင့်ပတ်ဝန်းကျင်ကို ဘေးအန္တရာယ်ဖြစ်စေတဲ့အတွက် Paraquat ပေါင်းသတ်ဆေးကို ဖြန့်ဖြူးရောင်းချခွင့်ပိတ်

24 Feb

လူနှင့်ပတ်ဝန်းကျင်ကို ဘေးအန္တရာယ်မြင့်မားစေတာကြောင့် Paraquat ပေါင်းသတ်ဆေးအား တားမြစ်ပိတ်ပင် ပိုးသတ်ဆေး(Banned Pesticide)အဖြစ် မြန်မာနိုင်ငံပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့မှ သတ်မှတ်လိုက်ကြောင်း သိရပါတယ်။ ပိုးသတ်ဆေးလုပ်ငန်းရှင်များအနေနဲ့ ဈေးကွက်မှာ ဖြန့်ဖြူးရောင်းချခွင့်ပြုထားသော Paraquat ပေါင်းသတ် ဆေး လက်ကျန်ပစ္စည်းများကို ဧပြီလ ၁ ရက်မတိုင်မီ အပြီးရုတ်သိမ်းရန်နှင့် ဧပြီလ ၁ ရက်မှစ၍ မှတ်ပုံတင်ခွင့်၊ တင်သွင်းခွင့်၊ ရောင်းချခွင့်၊ ဖော်စပ်ခွင့်၊ ပြန်လည်ထုပ်ပိုးခွင့်မပြုကြောင်း၊ ဈေးကွက်အတွင်းမှာလည်း ဆက်လက် ဖြန့်ဖြူး ရောင်းချသုံးစွဲခွင့်ပြုမည် မဟုတ်ကြောင်းနှင့် စစ်ဆေးတွေ့ရှိပါက ပိုးသတ်ဆေးဥပဒေအရ ထိရောက်စွာ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ဖေဖော်ဝါရီလ ၂၃ ရက်တွင် အသိပေး ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့အနေနဲ့ လယ်ယာထွက်ကုန်များတွင် ဓာတ်ကြွင်းကင်းစင် စေရေးအတွက် အဆိပ်ရှိပစ္စည်း ၂ မျိုးဖြစ်တဲ့ သိုင်ရာမီသောက်ဇင်(Thiamethoxam)နဲ့ ကလိုသိုင်ရာနီဒင် (Clothianidin) ပိုးသတ်ဆေးသုံးစွဲခွင့်ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်မှ ၂ နှစ်ကာလအထိ တားမြစ်ပိတ်ပင် ထားတယ်လို့လည်း သိရပါတယ်။(NVS 004)

24 Feb

ADVERTISE HERE .