သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်ကို နိုင်ငံတော်အသိအမှတ်ပြု တက္ကသိုလ်အဖြစ်သတ်မှတ်
24 Feb
သီတဂူဆရာတော်ကြီးတည်ထောင်ခဲ့သော သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်ကို နိုင်ငံတော်အသိအမှတ်ပြု တက္ကသိုလ်အဖြစ် ဖေဖော်ဝါရီလ ၂၁ ရက်ကကျင်းပခဲ့သည့် နဝမအကြိမ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၊ ဒုတိယအစည်းအဝေး၊ တတိယနေ့အပြီး၌ သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတော်အသိအမှတ်ပြု တက္ကသိုလ်အဖြစ် အသိအမှတ်ပြုလွှာကို သန်လျင်မင်းကျောင်းဆရာတော်ကြီးက ပေးအပ်တော်မူရာ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်၏ ကျောင်းအုပ်ဆရာတော် ဒေါက်တာ သီတဂူတိက္ခသာရ၊ ဦးဉာဏဝံသ(ဌာနမှူး၊ သုတေသနနှင့် ကျမ်းပြုဌာန)၊ ဦးဆန္ဒာဓိက(ဌာနမှူး၊ ကျောင်းသားရေးရာဌာန)တို့က လက်ခံ ရယူခဲ့ကြပါတယ်။(NVS 004)
24 Feb