အီရန်က အမေရိကန်၏ တိုက်ခိုက်မှုမှန်သမျှကို ကျူးကျော်မှုအဖြစ် သတ်မှတ်မည်ဟုဆို

24 Feb

အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်နိုင်ငံအပေါ် မည်သည့်အတိုင်းအတာ၊ မည်သည့်ပမာဏဖြင့်မဆို တိုက်ခိုက်လာပါက ၎င်းကိုကျူးကျော်စော်ကားသည့် အီရန်နှင့်အမေရိကန်တို့၏ တစ်ကျော့ပြန်လုပ်ရပ်အဖြစ် သတ်မှတ် ကာ နောက်ဆက်တွဲအကျိုးဆက်များကို ခံစားရစေမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အက်စမာ အီဘာဂါအီ က ဖေဖော်ဝါရီလ ၂၃ ရက်တွင် သတိပေးစကားပြောသည်။ တစ်ဆင့်ခံ နျူကလီးယားဆွေးနွေးမှုများသည် စစ်ပွဲဆီသို့ဦးတည်သွားပါက အီရန်တပ်မတော်အနေဖြင့် သင့်တော် သလို တုံ့ပြန်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံကိုကာကွယ်ရန် ၂၄ နာရီပတ်လုံး နိုးနိုးကြားကြားရှိနေကြောင်း တီဟီရန် မြို့၌ပြုလုပ်သော အပတ်စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူကပြောသည်။ အီရန်တပ်မတော်သည် သံတမန်ရေးရာ ဆွေးနွေးမှုများနှင့်အတူ ဖြစ်ပေါ်တိုးတက်မှုများကို စောင့်ကြည့်ကာ အီရန်အစိုးရသည် သံတမန်ရေးရာလမ်းကြောင်းကို အလေးအနက်ထားဆောင်ရွက်လျက်ရှိပြီး လာမည့်ရက်များအတွင်း အမေရိကန်နှင့် ဆွေးနွေးပွဲအသစ်များပြုလုပ်ရန် မျှော်လင့်ထားသည်။ အီရန်နိုင်ငံအနေဖြင့် ဆွေးနွေးပွဲများကို ဆက်တိုက် ပြုလုပ်လိုပြီး ဆွေးနွေးပွဲကာလရှည်ကြာနေခြင်းကို အကျိုးအမြတ်မရှိဟုယူဆကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်ပြော သည်။ အီရန်နှင့်အမေရိကန်တို့သည် အိုမန်နိုင်ငံ၊ မတ်စကက်မြို့နှင့် ဂျီနီဗာမြို့တို့၌ ဆွေးနွေးပွဲများပြုလုပ်ပြီး နောက်ထပ် ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၆ ရက်တွင် ဂျီနီဗာ၌ကျင်းပနိုင်ခြေရှိကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

24 Feb

ADVERTISE HERE .