ရုရှားနှင့် ဗင်နီဇွဲလား ရေနံများဝယ်ယူသည့်ရပ်တည်ချက် ပြောင်းလဲမှုမရှိကြောင်း အိန္ဒိယ ထပ်လောင်းပြောကြား

23 Feb

အိန္ဒိယ၏ ရေနံဝယ်ယူမှုမူဝါဒသည် အမျိုးသားအကျိုးစီးပွားအား ဦးတည်ချက်အဖြစ် အစဉ်အမြဲထားရှိ ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Randhir Jaiswal က အိန္ဒိယက ရုရှားနှင့် ဗင်နီဇွဲလား ရေနံများ ဝယ်ယူမှုနှင့်စပ်လျဉ်း၍ သတင်းထောက်မေးမြန်းမှုကို ဖြေကြားရာ၌ ထပ်လောင်းပြောကြားခဲ့သည်ဟု အိန္ဒိယမီဒီယာများက ဖေဖော်ဝါရီလ ၂၀ ရက်တွင် သတင်းဖော်ပြခဲ့သည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Vikram Misri သည် ထိုမတိုင်မီကလည်း အိန္ဒိယ၏ ရေနံဝယ်ယူမှု ရပ်တည်ချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ရာ ထိုရပ်တည်ချက်သည် ပြောင်းလဲမှုမရှိကြောင်း၊ အိန္ဒိယအနေဖြင့် စီးပွားရေးလုပ်ငန်းအခြေအနေအရ ခွင့်ပြုသည့်အခြေအနေအောက်တွင် ဗင်နီဇွဲလားမှ ရေနံ ဝယ်ယူရန် စူးစမ်းဖော်ဆောင်သွားမည်ဖြစ်ကြောင်း Randhir Jaiswal က ပြောကြားခဲ့သည်။ Vikram Misri ဖေဖော်ဝါရီလ ၉ ရက်တွင် သက်ဆိုင်ရာမေးမြန်းမှုအား ဖြေကြားရာ၌ အိန္ဒိယ၏ စွမ်းအင် မူဝါဒသည် လုံလောက်သောထောက်ပံ့မှု၊ ဈေးနှုန်းသင့်လျော်မှု၊ အရင်းအမြစ်တည်ငြိမ်မှု စသည့် အခြေခံမူများအား အစဉ်အမြဲ လိုက်နာလျက်ရှိကြောင်း၊ အိန္ဒိယသည် အမျိုးသားအကျိုးစီးပွားအား ဦးတည်ချက်အဖြစ်ထားရှိကာ စွမ်းအင်ပံ့ပိုးမှု ကဏ္ဍစုံလင်ခြင်းအား ကြိုးပမ်းဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ထိုမတိုင်မီ အိန္ဒိယမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။ အမေရိကန်သမ္မတ ထရမ့် က ဖေဖော်ဝါရီလ ၂ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ၎င်းသည် ထိုနေ့တွင် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ပြီး မိုဒီ က အိန္ဒိယအနေဖြင့် ရုရှားရေနံများဝယ်ယူခြင်းကို ရပ်တန့်ရန်သဘောတူကြောင်း၊ အမေရိကန်က အိန္ဒိယကုန်ပစ္စည်းများအပေါ် ကောက်ခံသည့်အခွန်နှုန်းထားကို ၂၅ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းအထိ လျှော့ချသွားမည်ဖြစ်ကြောင်း ဆိုခဲ့သည်။ မိုဒီ ကလည်း ထိုနေ့တွင် အမေရိကန်က အိန္ဒိယအပေါ် စည်းကြပ်ခွန်များ လျှော့ချသွားမည်ကို အတည်ပြုခဲ့သည်။ (Repost from Xinhua Myanmar)

23 Feb

ADVERTISE HERE .