“ကစားသမားဘ၀ ဂိုး ၅၀၀ ပြည့်ခဲ့တဲ့ ဟာရီကိန်း ကို ဘိုင်ယန်မြူးနစ်အသင်းက ဂုဏ်ပြု”

23 Feb

ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့အပတ်က ဝါဒါဘရီမင်အသင်းနဲ့ပွဲစဉ်မှာ ကစားသမားဘဝ ဂိုး ၅၀၀ ပြည့်ခဲ့တဲ့ တိုက်စစ်မှူး ဟာရီကိန်း ကို ဖရန့်ဖတ်အသင်းနဲ့ပွဲမစခင် ဂုဏ်ပြုပွဲ ပြုလုပ်ပေးခဲ့ပါတယ်။ ဟာရီကိန်း ဟာ ဝါဒါဘရီမင်အသင်းကို ၃ ဂိုး၊ ၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ကစားသမားဘဝ ၄၉၉ ဂိုးနဲ့ ဂိုး ၅၀၀ မြောက်ကို သွင်းယူခဲ့တာဖြစ်ပါတယ်။ ၎င်းရဲ့သွင်းဂိုး ၅၀၀ မှာ စပါးအသင်းအတွက် ဂိုး ၂၈၀၊ ဘိုင်ယန်မြူးနစ်အတွက် ၁၂၆ ဂိုး၊ အင်္ဂလန်လက်ရွေးစင်အတွက် ၇၈ ဂိုး၊ မီဝေါလ်အသင်းအတွက် ကိုးဂိုး၊ လေတန်အသင်းအတွက် ငါးဂိုး၊ လက်စတာအသင်းအတွက် ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဟာရီကိန်းအနေနဲ့ ဖရန့်ဖတ်ကို အနိုင်ရရှိတဲ့ပွဲစဉ်မှာလည်း နှစ်ဂိုးထပ်သွင်းခဲ့လို့ စုစုပေါင်း ၅၀၂ ဂိုးအထိ ရှိလာခဲ့ပါတယ်။ ဟာရီကိန်း ဟာ ဘိုင်ယန်အသင်းကို ၂၀၂၃ နွေရာသီမှာ ရောက်လာပြီးကတည်းက ပြိုင်ပွဲစုံ ၁၂၈ ဂိုး သွင်းယူထားပါတယ်။ အခုရာသီမှာတော့ ပြိုင်ပွဲစုံ သွင်းဂိုးစုစုပေါင်း ၄၃ ဂိုးအထိ ရှိနေခဲ့ပြီဖြစ်ပါတယ်။ (NVS 008)

23 Feb

ADVERTISE HERE .