“ရန်ကုန်မြို့မှာ Road Bike စက်ဘီးပြိုင်ပွဲကျင်းပမည်”

23 Feb

အမျိုးသား-အမျိုးသမီး(အလွတ်တန်း) Road Bike စက်ဘီးပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် လာမယ့်မတ်လ ၁၄ ရက်မှာ ကန်တော်ကြီးပတ်လမ်းတွင် ကျင်းပသွားမယ်လို့ သိရပါတယ်။ အဆိုပါပြိုင်ပွဲကို နံနက် ၆ နာရီတွင် တင့်ကားကုန်းဝင်ပေါက်ရှေ့မှ တာလွှတ်သွားမှာဖြစ်ပြီး အမျိုးသားများမှာ ၇ ပတ်၊ အမျိုးသမီးများမှာ ၅ ပတ် ယှဥ်ပြိုင်စီးနင်းရမှာဖြစ်ကာ ပန်းဝင်မည့်နေရာကိုလည်း တင့်ကားကုန်း ဝင်ပေါက်ရှေ့ကို သတ်မှတ်ထားပါတယ်။ အဆိုပါပြိုင်ပွဲ၏ဆုငွေများကို ပထမဆု ၅ သိန်းကျပ်၊ ဒုတိယဆုအား ၄ သိန်းကျပ်၊ တတိယဆုကို ၃ သိန်းကျပ်၊ စတုတ္ထဆုအား ၂ သိန်းကျပ်၊ ပဥ္စမဆုအား ၁ သိန်း ၅ သောင်းကျပ်၊ ဆဋ္ဌမဆုအား ၁ သိန်းကျပ်၊ အဆင့်(၇)မှ (၃၀) အထိကို ၅ သောင်းကျပ်စီ ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဝင်ရောက် ယှဥ်ပြိုင်လိုသူများအနေနဲ့ ဖုန်း ၀၉ ၂၅၀၇၂၉၂၀၉၊ ၀၉ ၄၃၁၂၉၁၇၇ သို့ မတ်လ ၁၃ ရက်နောက်ဆုံးထား၍ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပြီး စက်ဘီး/ကျောနံပတ်များကို မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ရုံး၌ မတ်လ ၁၁ ရက်နှင့် မတ်လ ၁၂ ရက်တို့မှာ ထုတ်ပေးသွားမည်ဖြစ်ပါတယ်။ (NVS 008)

23 Feb

ADVERTISE HERE .