“ယူ- ၁၆ မျိုးဆက်သစ်ကစားသမားအဖြစ် ရွေးချယ်ခံလိုသူများ MFF ထံ ဆက်သွယ်နိုင်”

23 Feb

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)ဟာ ယူ- ၁၆ မျိုးဆက်သစ်လူငယ်ကစားသမားများ ရွေးချယ်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ပြုလုပ်သွားဖို့ရှိနေပြီး ဝင်ရောက်ရွေးချယ်ခံလိုတဲ့ လူငယ်ကစားသမားများအနေနဲ့ MFF ရဲ့ နီးစပ်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးအဖွဲ့ချုပ်များ၊ ဒေသဆိုင်ရာလေ့ကျင့်ရေးစင်တာများကို ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရပါတယ်။ MFF ဟာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပထမအဆင့်အဖြစ် ထူးချွန်မျိုးဆက်သစ် လူငယ်ကစားသမား များကို ရွေးချယ်ရေးနည်းပြအဖွဲ့များက ဆန်ခါတင်အဖြစ် ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ကစားသမားရွေးချယ်ပွဲ များကို မတ်လ ၁ ရက်ကနေ ၇ ရက်အထိ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှာ ပြုလုပ်သွားမှာဖြစ်လို့ ဝင်ရောက် ရွေးချယ်ခံလိုတဲ့ လူငယ်ကစားသမားများဟာ မိမိတို့နေထိုင်ရာ မြို့နဲ့နီးစပ်ရာ MFF ရဲ့ တိုင်း‌ဒေသကြီးနှင့် ပြည်နယ် ဘောလုံးအဖွဲ့ချုပ်များ၊ ဒေသဆိုင်ရာ လေ့ကျင့်ရေးစင်တာများထံ ဆက်သွယ်စာရင်းပေးသွင်းမှာ ဖြစ်ပါတယ်။ လက်ရှိမှာ MFF ဟာ ဝင်ရောက်ရွေးချယ်ခံလိုတဲ့ လူငယ်ကစားသမားများ ဆက်သွယ်နိုင်ဖို့ ကချင်၊ မွန်၊ ဧရာဝတီ၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ရှမ်း၊ ပဲခူး၊ မကွေး၊ တနင်္သာရီ၊ ကရင်၊ စစ်ကိုင်း စတဲ့ဒေသ ၁၂ ခုမှ သက်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်များရဲ့ ဖုန်းနံပါတ်တွေကို ထုတ်ပြန်ထားလျက်ရှိကြောင်း သိရပါတယ်။ (NVS 008)

23 Feb

ADVERTISE HERE .