“မေဂျာလိဂ် ရာသီအဖွင့်ပွဲစဉ်မှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ အင်တာမိုင်ယာမီအသင်း”
23 Feb
မေဂျာလိဂ် လက်ရှိချန်ပီယံ အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၆ ပြိုင်ပွဲ ရာသီအဖွင့်ပွဲမှာ LAFCအသင်းကို ၃ ဂိုး ပြတ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ အင်တာမိုင်ယာမီအသင်းမှာ မက်ဆီ၊ ဒီပေါလ်တို့ ပွဲထွက်ကစားခဲ့ပြီး ဆွာရက်ဇ် ကတော့ ၈၁ မိနစ်မှာ လူစားဝင်ကစားခဲ့ပါတယ်။ LAFC အသင်းမှာတော့ ဆွန်ဟောင်မင်၊ လိုရစ် တို့ ပါဝင်ခဲ့ပါတယ်။ မက်ဆီ က ပွဲချိန်ပြည့်ကစားခဲ့ရပြီး ဆွန်ဟောင်မင် က ပွဲချိန် ၈၈ မိနစ်အထိ ကစားခဲ့ကြပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ LAFC ရဲ့ ဂိုးတွေကို ဒေးဗစ်မာတီနက်ဇ်၊ ဘူအန်ဂါ၊ အော်ဒက်ဇ် တို့က သွင်းယူခဲ့ပါတယ်။ LAFC အသင်းဟာ ရာသီအဖွင့် အိမ်ကွင်း ကိုး ပွဲစလုံး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ (NVS 008)
23 Feb