“ပုသိမ်ထီးကို ပြည်ပဝယ်လိုအားမြင့်နေပေမယ့် အဆင့်မှီကုန်ကြမ်းဝါး ရှားပါးမှုနှင့်ကြုံတွေ့နေ”
23 Feb
ပုသိမ်ထီးများကို ပြည်တွင်း၌ ဖဲထီးအပြောင်များ လူကြိုက်များပြီး ပြည်ပနိုင်ငံခြားသားများက မိုးရေစိုခံ ဆီစိမ်ထီးများကိုသာ ပိုကြိုက်ကြကြောင်း သိရပါတယ်။ ပြည်တွင်းသုံးအတွက် ထီးကို အလွယ်တကူဝယ်ယူရရှိသော အဆင်ပြေတဲ့ဝါးကိုသာ ပြုလုပ်ရောင်းချပြီး ပြည်ပတင်ပို့ရန်အတွက် အဆင့်မီဝါး၊ ကုန်ကြမ်းများနှင့်သာ ပြုလုပ်ကြကြောင်း သိရပါတယ်။ ပုသိမ်ထီးပြုလုပ်ရာမှာ အသုံးပြုသော ဝါးကုန်ကြမ်းက သာပေါင်းမြို့အောက်ဘက် အနောက်ရိုးမမှ ခုတ်ယူရရှိပါတယ်။ မိုးရေစိုခံဆီစိမ် ၈ ပေ ထီးတစ်လက်ကို ၁ သိန်း ၈ သောင်း၊ ၆ ပေ ထီးတစ်လက်ကို ၁ သိန်း ၇ သောင်းနှင့် ၄ ပေ ထီးတစ်လက်ကို ၁ သိန်းခွဲစျေးရှိပြီး လူဆောင်းထီးဖြစ်တဲ့ ၁၈ လက်မထီးတစ်လက်ကို ၅ သောင်း၊ ၁၄ လက်မကို ၂ သောင်း စသဖြင့်ရောင်းချရပြီး နိုင်ငံခြားသားအများစုက ၈ ပေ ထီးအကြီးများကို မှာယူကြကြောင်း သိရပါတယ်။ အဆိုပါ မိုးရေစိုခံထီးရဲ့စျေးနှုန်းက ပြည်တွင်းစျေးကွက်ဝင် ဖဲထီးများထက်စာရင် စျေးနှုန်း ၂ ဆကျော် ကွာခြားကြောင်းလည်း သိရပါတယ်။ (NVS 004)