“မြစ်ကြီးနားလေဆိပ်ကို တိုက်ခိုက်ခြင်းက အပြည်ပြည်ဆိုင်ရာဥပဒေအရ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်”
23 Feb
ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်ကို တိုက်ခိုက်ခြင်းက ဂျီနီဗာကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေအရ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက် ည ၈ နာရီ ၁၂ မိနစ်ခန့်မှာ မြစ်ကြီးနားမှမန္တလေးသို့ ထွက်ခွာရန် ခရီးသည်များတင်ဆောင်ထားတဲ့ MNA လေယာဉ်ကို FPV Suicide Drone ဖြင့် တိုက်ခိုက်ခဲ့ရသည့် ဖြစ်စဉ်အပေါ် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ အပြစ်မဲ့ခရီးသွားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကြောင့် ခရီးသည်များနှင့်လေယာဉ်အမှုထမ်း များ အကြီးအကျယ်တုန်လှုပ်ခြောက်ခြား စိတ်ဒဏ်ရာရခြင်း ဖြစ်ပေါ်ခဲ့ကြကြောင်း ဖော်ပြချက်အရ သိရပါတယ်။ ဒါကြောင့် စစ်ရေးနှင့်မသက်ဆိုင်တဲ့ အရပ်ဘက်လေကြောင်းလိုင်းနှင့် အပြစ်မဲ့ခရီးသွား ပြည်သူများကို ရည်ရွယ်ချက် ရှိစွာနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခြင်းက ဂျီနီဗာကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ခြင်းဖြစ်ပြီး၊ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ပြည်သူများက စက်ဆုတ်ရွံ့ရှာစွာ ရှုတ်ချလျက်ရှိပြီး၊ အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံတော်လုံခြုံရေးအတွက် ထိရောက်တဲ့တုံပြန်မှုများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ (NVS 004)