“ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်ဒေသမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အရှိန်မြှင့်ဆောင်ရွက်”
23 Feb
ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ မိုင်းပန်ဒေသမှာ ခရီးသွားဧည့်သည်များ ပိုမိုတိုးတက်ဝင်ရောက် လည်ပတ်နိုင်စေရေးအတွက် ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများပူးပေါင်းကာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ မိုင်းပန်ဒေသမှာ သဘာဝအလှအပများ၊ တောင်တန်းရှုခင်းများနှင့် ဒေသခံတိုင်းရင်းသားရိုးရာယဉ်ကျေးမှု အမွေအနှစ်များကြွယ်ဝစွာရှိပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများ ရှိနေပါတယ်။ ဒါကြောင့် ခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရန် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေး၊ တည်းခိုခန်းနှင့်အပန်းဖြေစခန်းများ စနစ်တကျတိုးချဲ့တည်ဆောက်ရေး၊ သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ကောင်းမွန်စေရေးအတွက် ဒေသထွက်ကုန်များနှင့် လက်မှုပစ္စည်းများကို ခရီးသွားဧည့်သည်များထံ တင်ဆက်ရောင်းချနိုင်ရေး အားပေးဆောင်ရွက်လျက်ရှိပါတယ်။ ဒေသတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှာဖြစ်ပြီး ဒေသ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူပြုနိုင်မှာလို့ မျှော်မှန်းထား တာဖြစ်ပါတယ်။ သက်ဆိုင်ရာဌာနများအနေနဲ့ခရီးသွားလုပ်ငန်းများ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လုံခြုံရေးနှင့်ဝန်ဆောင်မှု အရည်အသွေးမြှင့်တင်ရေးလုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)