“နေပြည်တော်ရှိ မြို့နယ် ၂ ခုမှာ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများရှိခဲ့”

23 Feb

နေပြည်တော်၊ တပ်ကုန်းမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့မှာ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်ခဲ့ရာ ပျက်စီးမှု များရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများက‌နေ သိရပါတယ်။ တပ်ကုန်းမြို့နယ်၊ ကျောင်စရစ်ကုန်းကျေးရွာနှင့် ထုံးဖိုကျေးရွာတို့မှာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ နှင့် စာသင်ကျောင်းများ အမိုးလန်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေး အသင်းဝင်များမှ ဖေဖော်ဝါရီလ ၂၂ ရက်နံနက်ပိုင်းက ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြပါတယ်။ ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတပဲ့ကျေးရွာအုပ်စု၊ ဆည်စုကျေးရွာနှင့် ရွာမကျေးရွာအုပ်စု၊ မြောက်ကျောင်းစု ကျေးရွာ၊ ကျားကူးအနောက်ကျေးရွာတို့တွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များနှင့် သစ်ပင်များ ပျက်စီးခဲ့တာ ဖြစ်ပါတယ်။ အခုလိုပျက်စီးနေသော နေအိမ်များနှင့် သစ်ပင်များကို ဒက္ခိဏသီရိမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များမှ ဖေဖော်ဝါရီလ ၂၂ ရက်နံနက် ၇ နာရီမှာ ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။ (NVS 004)

23 Feb

ADVERTISE HERE .