ထရမ့် က ကမ္ဘာ့နိုင်ငံများအားလုံးကို အခွန် ၁၀ ရာခိုင်နှုန်း စည်းကြပ်သည့်အမိန့်ကို လက်မှတ်ရေးထိုး
22 Feb
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် အမေရိကန်သို့ ကမ္ဘာ့နိုင်ငံများအားလုံးမှ တင်သွင်းလာသော ကုန်ပစ္စည်းများအပေါ် အခွန် ၁၀ ရာခိုင်နှုန်းစည်းကြပ်ရန် အထူးအမိန့်တစ်ရပ်ကို ဖေဖော်ဝါရီလ ၂ဝ ရက်တွင် လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။ အပြည်ပြည်ဆိုင်ရာ အရေးပေါ်စီးပွားရေးလုပ်ပိုင်ခွင့်အက်ဥပဒေအရ ထရမ့် အနေဖြင့် ယခင်ချမှတ်ထားသော အခွန်မူဝါဒမှာ တရားမဝင်ကြောင်း တရားရုံးချုပ်က ၆ မဲ ၃ မဲဖြင့်ဆုံးဖြတ်ပြီး နာရီပိုင်းအကြာတွင် ထရမ့်က ယခုကဲ့သို့အမိန့်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ထရမ့် က နိုင်ငံအားလုံးအပေါ် အခွန် ၁၀ ရာခိုင်နှုန်း စည်းကြပ်မှုကို အိုဗယ်ရုံးခန်း၌ လက်မှတ်ရေးထိုးပြီး ထိုအမိန့်မှာ ချက်ချင်းဆိုသလို အသက်ဝင်မည်ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်တွင်ရေးထားသည်။ အုပ်ချုပ်ရေးပိုင်း အနေဖြင့် စီးပွားရေးနှင့်နိုင်ငံရေးအရ သိသာထင်ရှားသော လုပ်ဆောင်ချက်များအတွက် လွှတ်တော်၏ခွင့်ပြုချက်ကို လိုအပ်သည်ဟု တရားရုံးချုပ်ကဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သမ္မတအနေဖြင့် အခွန်စည်းကြပ်မှုလုပ်ပိုင်ခွင့်အတွက် လွှတ်တော်၏ ရှင်းလင်းသောခွင့်ပြုချက်ကို ပြသရမည်ဟု တရားသူကြီးချုပ် ဂျွန်ရောဘတ် ကဆိုသည်။ ထရမ့်သည် ယခင်ကချမှတ်ထားသော အခွန်စည်းကြပ်မှုများ ရပ်ဆိုင်းရန်အမိန့်ကိုလည်း ဖေဖော်ဝါရီလ ၂၀ ရက်တွင် လက်မှတ်ထိုးသော်လည်း အခြားအခွန်မူဝါဒများကို ဆက်လက်ထိန်းသိမ်းထားရန် နည်းလမ်းများကို စဉ်းစားသွားမည်ဟု သတင်းစာရှင်းလင်းပွဲ၌ပြောထားသည်။ လက်ရှိတွင် နှစ်နိုင်ငံစလုံးသည် သဘောတူညီချက်တစ်ရပ် အမြန်ဆုံးထွက်ရှိလာရေးကို စိတ်ဝင်စားနေသည်။ အမေရိကန်က အီရန်အနေဖြင့် နျူကလီးယားလက်နက်ထုတ်လုပ်ရန် ဆောင်ရွက်နေသည်ဟု ဆိုထားသော်လည်း အီရန်၏ နျူကလီးယားအစီအစဉ်မှာ ငြိမ်းချမ်းသောရည်ရွယ်ချက်အတွက်သာဖြစ်သည်ဟု အာရက်ခီ က ထပ်လောင်း အတည်ပြုသည်။