လာမည့်နွေရာသီအပြောင်းအရွှေ့တွင် အသင်းမှထွက်ခွာရန်ပြင်ဆင်နေတဲ့ မန်စီးတီးအသင်းဂိုးသမား ထရက်ဖို့ဒ်

21 Feb

ပြီးခဲ့သည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလက ဘန်လေအသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ ခဲ့တဲ့ ဂိုးသမားထရက်ဖို့ဒ် က ပွဲကစားခွင့်လျော့နည်းမှုကြောင့် လာမည့်နွေရာသီ အပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာရန်ပြင်ဆင်ထားကြောင်း Football 365 သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၂၃ နှစ်ရှိ ထရက်ဖို့ဒ် ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ဘန်လေအသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ တန်းတက်ခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့လို့ မန်စီးတီးအသင်းက ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၂၇ သန်းဖြင့် ခေါ်ယူခဲ့သော်လည်း ၎င်းကို ပွဲကစားခွင့်ပေးရန် ခက်ခဲနေတာကြောင့် ထွက်ခွာရန်ပြင်ဆင်ခဲ့ခြင်းဖြစ်ပါတယ်။ မန်စီးတီးအသင်းက ထရက်ဖို့ဒ် ကို ခေါ်ယူခဲ့ပြီးနောက် ၎င်းအနေဖြင့် လက်စွမ်းပြသနိုင်ရန် ရုန်းကန် နေရသောကြောင့် အသင်းတာဝန်ရှိသူများက ပြီးခဲ့တဲ့ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ကာလမှာ ပီအက်စ်ဂျီ အသင်းမှ ဝါရင့်ဂိုးသမား ဒွန်နာရမ်မာ ကို ခေါ်ယူခဲ့ရပြီး ထရက်ဖို့ဒ် က ဒုတိယဦးစားအဖြစ်သာ ရှိနေခဲ့ပါတယ်။ လက်ရှိတွင် မန်စီးတီးအသင်းနှင့် ပြိုင်ပွဲစုံ ၁၁ ပွဲသာ ကစားခွင့်ရထားတဲ့ ထရက်ဖို့ဒ် က မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကျန်ရှိနေသော်လည်း အသင်းက ထွက်ခွာခွင့်ပေးခဲ့လို့ အသင်းမှထွက်ခွာရန် အသင့်ရှိကြောင်း ပြောကြားခဲ့ပြီး နယူးကာဆယ်အသင်းက ခေါ်ယူရန်စီစဉ်နေကြောင်း သိရပါတယ်။(NVS 008)

21 Feb

ADVERTISE HERE .