“ဧပြီလမှာ အီဆက်ခ် ပြန်ကစားနိုင်ရန် စလော့မျှော်လင့်နေ”
21 Feb
ခြေကျင်းဝတ်ရိုးကျိုး ဒဏ်ရာကြောင့် ဒီဇင်ဘာလထဲက အနားယူနေရတဲ့ တိုက်စစ်မှူး အီဆက်ခ် အနေနဲ့ ဧပြီလလောက်မှာ အသင်းအတွက် ပြန်ကစားပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ လီဗာပူးနည်းပြ စလော့ က ပြောကြားပါတယ်။ ဒီဇင်ဘာလက စပါးအသင်းနဲ့ကစားတဲ့ပွဲမှာ အသင်းအတွက်ဂိုးသွင်းယူပြီးနောက် အီဆက်ခ် ဟာ ဒဏ်ရာ ရခဲ့တာဖြစ်ပြီး ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။ အီဆက်ခ် ဟာ အခုတစ်ပတ်မှာ အပြေးလေ့ကျင့်မှုတွေ စတင်ပြုလုပ်နေပြီး မတ်လကုန်ပိုင်းလောက်မှာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြန်လုပ်နိုင်ဖွယ်ရှိနေပါတယ်။ အီဆက်ခ်ရဲ့ လက်ရှိအခြေအနေက စီစဉ်ထားတဲ့အတိုင်း တိုးတက်မှုတွေရှိနေပြီး ဧပြီလလောက်မှာ အသင်းနဲ့ အတူ ပူးပေါင်းနိုင်မှာဖြစ်တယ်လို့ နည်းပြစလော့က ပြောကြားသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ နယူးကာဆယ် အသင်းကနေ ဗြိတိန်စံချိန်တင်ဈေး ပေါင် ၁၂၅ သန်းနဲ့ ရောက်လာခဲ့တဲ့ တိုက်စစ်မှူး အီဆက်ခ်ဟာ လီဗာပူးအသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး အသင်းအတွက် ၁၆ ပွဲမှာ ၅ ဂိုးသာသွင်းယူထားနိုင်ခဲ့ပါတယ်။ (NVS 008)