“မန်ယူအသင်းရဲ့ တရားဝင်နည်းပြဖြစ်လာရေးက အရေးအကြီးဆုံးအရာဖြစ်ကြောင်း ကာရစ် ပြောကြား”

21 Feb

မန်ယူအသင်းရဲ့ ယာယီနည်းပြအဖြစ် ရာသီကုန်အထိ ခန့်အပ်ခံထားရတဲ့ ကာရစ် က မန်ယူအသင်းရဲ့ တရားဝင်နည်းပြဖြစ်လာရေးက မိမိအတွက် အရေးအကြီးဆုံးအရာဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ မန်ယူအသင်းဟာ ပေါ်တူဂီနည်းပြ အာမိုရင်မ် ကို ဇန်နဝါရီလ ၅ ရက်မှာ ရာထူးကနေ ထုတ်ပယ်ပြီးနောက် ဖလက်ချာ ကို ယာယီနည်းပြအဖြစ် ခေတ္တတာဝန်ပေးကာ ဇန်နဝါရီလ ၁၃ ရက်မှာ ကာရစ် ကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိ ခန့်အပ်ထားတာ ဖြစ်ပါတယ်။ မန်ယူအသင်းတာဝန်ရှိသူတွေက တရားဝင်နည်းပြခန့်အပ်မှုကို လာမယ့်နွေရာသီမှ ပြုလုပ်သွားဖို့ စီစဉ်ထား ခြင်းဖြစ်ပေမယ့် ကာရစ်လက်ထက်မှာ အသင်းရဲ့ခြေစွမ်းရော ရလဒ်ပိုင်းပါ ကောင်းမွန်လာတာကြောင့် တရားဝင် နည်းပြအဖြစ် ခန့်အပ်သင့်ကြောင်း တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။ မန်ယူအသင်းရဲ့ နည်းပြရာထူးအတွက် အစောပိုင်းက ခရစ္စတယ်ပဲလေ့စ်နည်းပြ ဂလက်စ်နာ က ရေပန်းစားနေခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ကာရစ် က ရေပန်းအစားဆုံးအဖြစ် သတ်မှတ်ခံထားရပြီဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

21 Feb

ADVERTISE HERE .