“ဗင်နီစီယပ်စ် လူမျိုးရေးခွဲခြားခံရခြင်းအတွက် အထူးစုံစမ်းစစ်ဆေးရေးမှူးခန့်အပ်စုံစမ်းနေ”
21 Feb
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဟာ ရီးရဲလ်ကစားသမား ဗင်နီစီယပ်စ် လူမျိုးရေးခွဲခြားခံရခြင်းအတွက် အထူးစုံစမ်းစစ်ဆေးရေးမှူး ခန့်အပ်ပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်နေကြောင်း သိရပါတယ်။ ရီးရဲလ်ကစားသမား ဗင်နီစီယပ်စ် ဟာ ဘင်ဖီကာအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပြိုင်ဘက် အာဂျင်တီးနားကစားသမား ပရက်စ်တီယန်နီ ရဲ့ လူမျိုးရေးခွဲခြားမှုနဲ့ ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပါတယ်။ ဗင်နီစီယပ်စ် အနေနဲ့ ရီးရဲလ်အသင်းမှာ ကစားနေတဲ့ ၈ နှစ်တာကာလအတွင်း လူမျိုးရေးခွဲခြားခံရမှု အကြိမ် ၂၀ အထိ ရှိလာပြီဖြစ်ပါတယ်။ ရီးရဲလ်အသင်းက ရရှိသမျှ သက်သေအထောက်အထားအားလုံးကို UEFA ထံ တင်သွင်းခဲ့ကြောင်း သိရပါတယ်။ (NVS 008)
21 Feb