“အန်ဒရေဂိုးမက်စ် ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်တဲ့ ကိုလံဘတ်စ်ခရူအသင်း”
21 Feb
မေဂျာလိဂ်ကလပ် ကိုလံဘတ်စ်ခရူအသင်းဟာ လိုင်လီအသင်းက ပေါ်တူဂီကွင်းလယ်ကစားသမား အန်ဒရေဂိုးမက်စ် ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ခေါ်ယူပြီး ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ အသက် ၃၂ နှစ်အရွယ် အန်ဒရေဂိုးမက်စ် ဟာ အခုရာသီ လိုင်လီအသင်းမှာ တစ်ပွဲသာ ကစားခွင့်ရပြီး ရုန်းကန်နေရတာကြောင့် ကိုလံဘတ်စ်ခရူအသင်းကို ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ ၂၀၂၆ ရာသီ မေဂျာလိဂ်ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၁ ရက်မှာ စတင်တော့မှာဖြစ်ပါတယ်။ (NVS 008)
21 Feb