“KIA နှင့် PDF အဖွဲ့ဝင်များက MNA လေယာဉ်ကို FPV suicide drone များဖြင့်ပစ်ခတ်ခဲ့”
21 Feb
KIA နှင့် PDF အဖွဲ့ဝင်များက ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်မှ ပြန်လည်ထွက်ခွာမည့် မြန်မာအမျိုးသား လေကြောင်းလိုင်း(MNA)မှ ခရီးသည်တင်လေယာဥ်ကို ဖေဖော်ဝါရီလ ၂၀ ရက်ည ၈ နာရီ ၁၂ မိနစ်ခန့်က FPV suicide drone များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။ MNA မှ ATR-72-600 အမျိုးအစား ခရီးသည်တင်လေယာဉ်သည် မြစ်ကြီးနားလေဆိပ်မှ မန္တလေးမြို့သို့ ထွက်ခွာရန်ပြင်ဆင်နေစဉ် KIA နှင့် PDF အကြမ်းဖက်အဖွဲ့ဝင်များက FPV Suicide Drone များအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အခုလိုပစ်ခတ်တိုက်ခိုက်မှုကြောင့် လေယာဉ်၏ ခေါင်းပိုင်း၊ ကိုယ်ထည်အလယ်ပိုင်းနှင့် နောက်မီးပိုင်းတို့တွင် ဗုံးစထိမှန်၍ အနည်းငယ်ပျက်စီးခဲ့ကာ ခရီးသည်များအန္တရာယ်မဖြစ်စေရန် လုံခြုံရေးအဖွဲ့ဝင်များက ဘေးအန္တရာယ် ကင်းလွတ်ရာသို့ ကူညီကယ်ဆယ်ရွေ့ပြောင်းပေးခဲ့ပြီး ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများ သေဆုံး/ဒဏ်ရာရရှိမှု မရှိကြောင်း သိရပါတယ်။ (NVS 004)