“၂၀၂၆ နိုင်ငံတကာပညာရေးပြပွဲကို မတ် ၁ ရက်တွင် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပမည်”

21 Feb

‎Information Hub of Myanmar နှင့် IHM International College တို့မှကြီးမှူး၍ Study Abroad Beyond Education,Migration and Scholarship Fair 2026 နိုင်ငံတကာပညာရေးပြပွဲကို မတ်လ ၁ ရက်နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ ရန်ကုန်မြို့၊ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ အဆိုပါပြပွဲမှာ ယူကေ၊ ဂျာမနီ၊ စပိန်၊ ဆွစ်ဇာလန်၊ မလေးရှား၊ ထိုင်း၊ စင်ကာပူနိုင်ငံတို့အပါအဝင် နိုင်ငံအများအပြားမှ တက္ကသိုလ်များ၊ ကောလိပ်များက ပညာသင်ဆုအခွင့်အလမ်းများ၊ ကျောင်းလျှောက်ရန်လိုအပ်တဲ့ Entry Requirements များအား အသေးစိတ်ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြပွဲလာရောက်သူများအား IHM ၏ Education Counsellors များမှ အခမဲ့ Career and Scholarship Preparation Workshop များ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ အဆိုပါပညာရေးပြပွဲကို မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးအခွင့်အလမ်းများ မျှဝေပေးရန်၊ နိုင်ငံတကာမှ တက္ကသိုလ်များနှင့် ချိတ်ဆက်ကူညီပေးရန်၊ မြန်မာနိုင်ငံ၏ပညာရေးကို ပိုမိုဖွံ့ဖြိုးစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ရာ အသေးစိတ်သိရှိလို ပါက ဖုန်း ၀၉-၈၈၀ ၂၃၂ ၄၈၇ နှင့် ၀၉- ၈၈၀၂၃၂ ၄၈၇ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါတယ်။ (NVS 004)

21 Feb

ADVERTISE HERE .