“BNRA အဖွဲ့၏ ဒုတိယအဖွဲ့ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင် ၅ ဦး ထပ်မံအလင်းဝင်”
21 Feb
BNRA အဖွဲ့ခေါင်းဆောင် နိုင်လင်း (ခ) နဂါးနှင့် ၎င်း၏ မိသားစုဝင်များ ဥပဒေဘောင်အတွင်းသို့ လက်နက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာပြီးနောက် ဖေဖော်ဝါရီလ ၂၀ ရက်မှာ BNRA အဖွဲ့၏ ဒုတိယအဖွဲ့ ခေါင်းဆောင် အပါအဝင် အဖွဲ့ဝင် ၅ ဦးထပ်မံအလင်းဝင်လာခဲ့ကြပါတယ်။ BNRA အဖွဲ့၏ ဒုတိယအဖွဲ့ခေါင်းဆောင် ၁ ဦး၊ တတိယတာဝန်ခံအဆင့်ရှိသူ ၁ ဦးနှင့်အဖွဲ့ဝင် ၅ ဦးတို့သည် လက်နက်မျိုးစုံ ၅ လက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ပုလဲမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်စခန်းတစ်ခုထံသို့ ဆက်သွယ် သတင်းပို့၍ အလင်းဝင်ရောက်လာခဲ့ကြပါတယ်။ အလင်းဝင်လာသူများကို နယ်မြေခံလုံခြုံရေးတပ်ဌာနချုပ်မှ တာဝန်ရှိသူများက ကြိုဆို၍ လိုအပ်တဲ့ကူညီ ထောက်ပံ့မှုများ၊ ဆေးဝါးအကူအညီများနှင့် အုပ်ချုပ်မှုကိစ္စများအဆင်ပြေမှုရှိစေရန် ဆောင်ရွက်ပေးခဲ့ကြပြီး လိုအပ်တဲ့ စိစစ်မှုများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)