“တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ ၂၃ ရက်မှာ စတင်ထုတ်ပေးမည်”

21 Feb

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများကို မတ်လ ၁၁ ရက်မှ စတင်ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို လာမည့်ဖေဖော်ဝါရီလ ၂၃ ရက်မှ စတင်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ အသိပေးကြေညာထားပါတယ်။ အဆိုပါအသိပေးကြေညာချက်များအရ တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်မှ ၁၇ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ မတ်လ ၁၁ ရက်မှ မတ်လ ၁၈ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် စာမေးပွဲများ ဖြေဆိုခွင့်လျှောက်ထားကြတဲ့ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ ၂၃ ရက်မှစ၍ မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူကြရမည်ဖြစ်ကြောင်း သိရပါတယ်။ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ထုတ်ယူရာမှာ အခက်အခဲရှိပါက ကျောင်းသား၊ ကျောင်းသူများအနေနဲ့ သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာနိုင်ငံ စာစစ်ဌာနဦးစီးဌာနထံ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ အသိပေးထားပါတယ်။ (NVS 004)

21 Feb

ADVERTISE HERE .