“(၉၇)ကြိမ်မြောက် အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကျင်းပမည်”

20 Feb

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် ကျုံမငေးမြို့၏ ကျက်သရေဆောင် အတုလဗုဒ္ဓမဟာစွယ်တော် မြတ်ကြီး၏ (၉၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၆ ရက်အထိ ရှစ်ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။ အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၂၇ ရက်တွင် ကျင်းပသွားမှာဖြစ်ပြီး သစ်ကနက်စစ်နတ်သစ်ရုပ်ပွားတော် အရှင်သူမြတ်၊ ဇမ္ဗုပတိရုပ်ပွားတော် အရှင်သူမြတ်နှင့် အတုလဗုဒ္ဓမဟာစွယ်တော်မြတ်တို့အား ဂန္ဓကုဋိတိုက်တော်မှ ယာယီအပူဇော်ခံမည့် ရွှေကျောင်းတော်ပေါ်သို့ ရှစ်ရက်ကြာ ပင့်ဆောင်အပူဇော်ခံသွားမှာဖြစ်ပါတယ်။ အဆိုပါ ကျုံမငေးမြို့၏ ကျက်သရေဆောင် အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို နှစ်စဉ်တပေါင်းလဆန်း ၁၂ ရက်မှ တပေါင်းလပြည့်ကျော် ၄ ရက်အထိကျင်းပလျက်ရှိပြီး ယခုအခါမှာလည်း တရားပွဲများ၊ ဇာတ်သဘင်များ၊ ပျော်ပွဲရွှင်ပွဲများဖြင့် အစဉ်အလာမပျက် ကျင်းပသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ရပ်ဝေးရပ်နီးရှိ အနယ်အနယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများအနေနဲ့ ကား၊ ဆိုင်ကယ်၊ စက်လှေများဖြင့် လာရောက်ဖူးမြော်ကြည်ညိုနိုင်ကြောင်း သိရပါတယ်။ (NVS-004)

20 Feb

ADVERTISE HERE .