“ပုဂံဒေသရှိ သဗ္ဗညုဂူဘုရားအား ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်လျက်ရှိ”

20 Feb

ပုဂံဒေသရှိ သဗ္ဗညုဂူဘုရား၏ အဆောက်အအုံပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အခြေအနေပိုမိုကောင်းမွန်လာစေရန်နှင့် ဂူဘုရားကြီးရေရှည်တည်တံ့စေရန် မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်း၍ ပြုပြင်ထိန်းသိမ်းခြင်းနှင့် သုတေသနပြု ဖော်ထုတ်ခြင်းတို့ကို ဖေဖော်ဝါရီလ ၁၉ ရက်မှ စတင်လုပ်ဆောင်လျက်ရှိကြောင်း သိရပါတယ်။ သဗ္ဗညုဂူဘုရားသည် ပုဂံဒေသ၏ ကမ္ဘာ့အမွေအနှစ် လက္ခဏာရပ်တစ်ခုဖြစ်ပြီး ထူးခြားလက်ရာကျန်ရှိမှု အဆင့်(၁)ရှိသော ဂူဘုရားတစ်ဆူဖြစ်ပါတယ်။ နောက်ခံသမိုင်းရာဇဝင်နှင့် တည်ဆောက်ပုံဗိသုကာလက်ရာအရ အေဒီ ၁၂ ရာစု ဂူဘုရားတစ်ဆူဖြစ်ကာ ရှားပါးသည့် လေးထပ်ဂူဘုရားတစ်ဆူလည်းဖြစ်ပါတယ်။ သဗ္ဗညုဂူဘုရားကြီးအား စနစ်တကျ အသေးစိတ်ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများကို နည်းပညာအကူအညီများပေါင်းစပ်၍ စနစ်တကျ ထိန်းသိမ်းပြုပြင်ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါသုတေသနလုပ်ငန်းများတွင် မြေပြင်စစ်တမ်းများကောက်ယူခြင်း၊ Grid Layout စနစ်ဖြင့် တူးဖော်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ နေရာသတ်မှတ်ခြင်း(GPS Location) နှင့် စနစ်တကျမှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကာ တူးဖော်မှုများအတွင်း တွေ့ရှိရတဲ့အမွေအနှစ်ပစ္စည်းများကို သက်ဆိုင်ရာစံနှုန်းများနှင့် ကိုက်ညီစွာမှတ်တမ်းတင်၍ ထိန်းသိမ်းကာကွယ်ထားလျက်ရှိကြောင်း ရှေးဟာင်းသုသေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာနမှ သိရပါတယ်။ (NVS-004)

20 Feb

ADVERTISE HERE .