“စံချိန်မှတ်တမ်းများက ကျေနပ်စရာဖြစ်ကြောင်းပြောကြားခဲ့တဲ့ ဂေါ်ဒွန်”

20 Feb

ကွာရာဘတ်အသင်းကို ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ နယူးကာဆယ်အသင်းအတွက် ၄ ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဂေါ်ဒွန် က စံချိန်မှတ်တမ်းတွေဟာ ကျေနပ်စရာကောင်းတယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဂေါ်ဒွန် ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာ ပွဲချိန်ပထမပိုင်းအတွင်း ၄ ဂိုးသွင်းယူနိုင်တဲ့ ဒုတိယမြောက် ကစားသမားဖြစ်ခဲ့သလို ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာ ပွဲချိန်ပထမပိုင်းအတွင်း ၄ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ ကွာရာဘတ်နဲ့ပွဲမှာ ပွဲချိန် ၃၃ မိနစ်အတွင်း ဟက်ထရစ်ရခဲ့တဲ့ ဂေါ်ဒွန် က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အမြန်ဆုံး ဟက်ထရစ်ရရှိတဲ့ အင်္ဂလန်ကစားသမားဖြစ်လာသလို သူ့ရဲ့ကစားသမားဘဝ ချန်ပီယံလိဂ်သွင်းဂိုး စုစုပေါင်းကလည်း ၁၀ ဂိုးအထိရှိလာပါတယ်။ နယူးကာဆယ်ကစားသမားတွေထဲမှာ ဂေါ်ဒွန် က ချန်ပီယံလိဂ်မှာ ဟက်ထရစ်ရတဲ့ တတိယမြောက် နယူးကာဆယ်ကစားသမားဖြစ်သလို ရှုံးထွက်အဆင့်တွေမှာ ဟက်ထရစ်ရတဲ့ ပထမဆုံး နယူးကာဆယ်ကစားသမား အဖြစ်လည်း မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ပါတယ်။ (NVS 008)

20 Feb

ADVERTISE HERE .