“ပခုံးဒဏ်ရာကြောင့် ကာလရှည်အနားယူရဖွယ်ရှိတဲ့ အန်တိုနီမာရှယ်လ်”

20 Feb

မွန်တာရေးအသင်း တိုက်စစ်မှူး အန်တိုနီမာရှယ်လ် ပခုံးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့မှုကြောင့် ကာလရှည်အနားယူ ရဖွယ်ရှိနေပါတယ်။ အန်တိုနီမာရှယ်လ် က မွန်တာရေးအသင်းက ကလပ်လီယွန်အသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ခြင်းဖြစ်ပါတယ်။ တိုက်စစ်မှူး အန်တိုနီမာရှယ်လ် ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့် မွန်တာရေးအသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ရပ်ဖြစ်လာခဲ့ပါတယ်။ အသက် ၃ဝ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အန်တိုနီမာရှယ်လ် က မွန်တာရေး အသင်းနှင့်အတူ ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၁၉ ပွဲကစားပြီး တစ်ဂိုးသွင်းယူထားပါတယ်။ (NVS 008)

20 Feb

ADVERTISE HERE .