“Qatar Open တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့တဲ့ အယ်ကာရက်ဇ်နှင့် ဂျန်နစ်ခ်ဆင်နာ”
20 Feb
ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပနေတဲ့ Qatar Open တင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ်များအဖြစ် ကမ္ဘာ့အဆင့်(၁) စပိန်တင်းနစ်ကစားသမား အယ်ကာရက်ဇ် နှင့် ပြင်သစ်တင်းနစ်ကစားသမား ရိုယာ၊ ကမ္ဘာ့အဆင့်(၂) အီတလီ တင်းနစ်ကစားသမား ဂျန်နစ်ခ်ဆင်နာ နှင့် ဩစတြေးလျ တင်းနစ်ကစားသမား ပေါ့ပရင် တို့ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ အယ်ကာရက်ဇ် က ရိုယာ ကို ၆-၂၊၇-၅ နဲ့ လည်းကောင်း၊ ဂျန်နစ်ခ်ဆင်နာ က ပေါ့ပရင် ကို ၆-၃၊ ၇-၅ ရလဒ်နဲ့အနိုင်ရကာ ကွာတားဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြပါတယ်။ ကမ္ဘာ့အဆင့်(၁) တင်းနစ် ကစားသမားဖြစ်တဲ့ အယ်ကာရက်ဇ် က လက်ရှိအကောင်းဆုံးကစားသမား ဖြစ်ကြောင်းကို သက်သေပြနိုင်ခဲ့ပြီး ဂျန်နစ်ခ်ဆင်နာ အနေနဲ့ ကမ္ဘာ့အဆင့်(၁)နေရာကို ပြန်လည်တက်လှမ်းခွင့်ရရန် အကောင်းဆုံးကြိုးစားနေကာ ချန်ပီယံဆုအတွက် ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ (NVS 008)
20 Feb