“စင်္ကာပူရောက်မြန်မာကလေးငယ်များ ၂ဝ၂၅-၂ဝ၂၆ နှစ်ဆုံးစာမေးပွဲကို တစ်ရက်တည်းအပြီး ဖြေဆိုရမည်”

20 Feb

စင်္ကာပူနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားကလေးများ၏ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်အတွက် အခြေခံပညာသင်ယူခြင်းအစီအစဉ်၏ နှစ်ဆုံးစာမေးပွဲကို လာမည့် မတ်လ ၇ ရက်နှင့် ၈ ရက်တို့မှာ စင်ကာပူမြို့ရှိ မြန်မာသံရုံး၌ ဖြေဆိုရမည်ဖြစ်ကြောင်း သိရပါတယ်။ အခုလိုဖြေဆိုရာမှာ ပထမတန်း(Grade-1)မှစတုတ္ထတန်း(Grade-4) အတန်းများအထိ ကျောင်းသူ/သားများက မတ်လ ၇ ရက်မှာ ဘာသာရပ် ၅ မျိုးကို နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်း အပြီးဖြေဆိုရမည်ဖြစ်သလို ပဉ္စမတန်း (Grade-5) ကျောင်းသူ/သားများမှာ ယင်းနေ့ နံနက် ၉ နာရီမှ နေ့လည် ၂ နာရီခွဲအချိန်အထိ တဆက်တည်း ဖြေဆိုရမည်ဖြစ်ပါတယ်။ အလားတူ ဆဋ္ဌမတန်း (Grade-6) မှ နဝမတန်း (Grade-9)အထိ ကျောင်းသူ/သားများက မတ်လ ၈ ရက်မှာ ဘာသာရပ် ၆ မျိုးကို နံနက် ၉ နာရီမှ နေ့လည် ၃ နာရီခွဲအတွင်း အပြီးဖြေဆိုရမည်ဖြစ်သလို ဒဿမတန်း (Grade-10) မှ ဒွါဒဿမတန်း (Grade-12) အထိ ကျောင်းသူ၊ ကျောင်းသားများမှာ အဆိုပါနေ့ နံနက် ၉ နာရီမှ နေ့လည် ၄ နာရီခွဲအချိန်အထိ တဆက်တည်း ဖြေဆိုရမည်ဖြစ်ကြောင်း သိရပါတယ်။ အလားတူ သက်ဆိုင်ရာအတန်းအလိုက် ဖြေဆိုရမည့် ခုံနံပါတ်စာရင်းများကို စာမေးပွဲလာရောက် ဖြေဆိုမည့်နေ့ရက်မှာ ထုတ်ယူနိုင်ကြောင်း မြန်မာသံရုံးက အသိပေးကြေညာထားပါတယ်။ (NVS 004)

20 Feb

ADVERTISE HERE .