“အာဆီယံဘောင်အတွင်း မြန်မာပြန်ရောက်ရေး ထိုင်းနိုင်ငံမှ ဦးဆောင်ကြိုးပမ်းမည်”

20 Feb

မြန်မာနိုင်ငံကို အာဆီယံအသိုက်အဝန်းအတွင်းသို့ ပြန်လည်ခေါ်ဆောင်နိုင်ရန် ထိုင်းနိုင်ငံကမျှော်လင့်ကြောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်းကေတု က မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံရာမှာ ပြောကြားခဲ့ ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို အာဆီယံနဲ့ ပြန်လည်ချိတ်ဆက်ပေးမယ့် ပေါင်းကူးတံတားတစ်စင်း ဖြစ်ကြောင်း ဆီဟာဆက် က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပြည်တွင်းစစ်ဒဏ်ခံရသော မြန်မာနိုင်ငံအနေနဲ့တည်ငြိမ်မှု ပြန်လည် ဖော်ဆောင်ရန်အတွက် ကာလရှည်ကြာချမှတ်ထားတဲ့ အာဆီယံ၏အစီအစဉ်ကို လိုက်နာဆောင်ရွက်ရန် တိုက်တွန်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဆီဟာဆက်က ဆွေးနွေးညှိနှိုင်းမှုတွေ စတင်တာမျိုးက ကောင်းမွန်တဲ့ အချက်ဖြစ်ပြီး အကြမ်းဖက်မှုတွေလျှော့ချဖို့နဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်တာတွေကို ရှောင်ရှားဖို့စတဲ့ အာဆီယံရဲ့ စိုးရိမ် ပူပန်မှုတွေကို တုံ့ပြန်ခြင်းအားဖြင့် မြန်မာဘက်က ထိုင်းနိုင်ငံကို ပြန်လည်ကူညီရမည် ဖြစ်ကြောင်း၊ ဤလုပ်ငန်းစဉ်မှာ ထိုင်းနိုင်ငံအနေနဲ့ ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါတယ်။ ဆီဟာဆက်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တို့က ထိုင်းနိုင်ငံတောင်ပိုင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။ (NVS 004)

20 Feb

ADVERTISE HERE .