“ရန်ကုန်နှင့်မန္တလေးမြို့တို့ရှိ အဆောက်အဦး ၁၀ လုံးကို ရှေးဟောင်းအဆောက်အဦအဖြစ် သတ်မှတ်”

20 Feb

ရန်ကုန်နှင့် မန္တလေးမြို့ရှိ နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိတဲ့ အဆောက်အဦ ၁၀ လုံးကို ရှေးဟောင်း အဆောက်အဦးအဖြစ် သတ်မှတ်လိုက်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကနေ သိရပါတယ်။ အခုလိုသတ်မှတ်ရာမှာ မန္တလေးမြို့ရှိ မန္တလေးတက္ကသိုလ်၏ ပင်မအဆောက်အအုံကြီး၊ နယ်မြေအင်ဂျင်နီယာ ရုံး၊ အနုပညာခန်းမ၊ လူထုစာအုပ်ဆိုင်နှင့် ရတနာပုံအဆောက်အဦတို့ကို ရှေးဟောင်းအဆောက်အဦအဖြစ် သတ်မှတ် လိုက်ခြင်း ဖြစ်ပါတယ်။ ဆက်လက်ပြီး ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ နမူနာစံကျောင်း၊ ပါဠိတက္ကသိုလ် အောက်ကျောင်း (အလယ်တောရ စံပြစာသင်တိုက်)၊ သုဇိတာဝီသိမ်တော်၊ အလယ်တောရစံပြစာသင်တိုက်နှင့် အိမ်တွင်းမှုသက်မွေး လုပ်ငန်း ပညာသင်ကျောင်း (ဗဟန်း) တို့ကို သတ်မှတ်လိုက်ကြောင်း သိရပါတယ်။ (NVS 004)

20 Feb

ADVERTISE HERE .