“ဒလတံတားဖွင့်လှစ်ပြီးနောက် ခရီးသွားလာမှု ပိုမိုအဆင်ပြေလာ”

20 Feb

ရန်ကုန်မြို့နှင့်ဒလမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဒလတံတားဖွင့်လှစ်ပြီးနောက် ခရီးသွားလာမှု ပိုမိုအဆင်ပြေ ချောမွေ့လာခဲ့သော်လည်း ချယ်ရီသင်္ဘောနှင့် သဗ္ဗာန်များ အသုံးပြုနေတဲ့ ခရီးသည်အရေအတွက်မှာ များပြားနေဆဲ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင်ဒလတံတားဖွင့်လှစ်ခြင်းကြောင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေ တိုးတက်လာခဲ့တာဖြစ်ပါတယ်။ သို့ရာတွင် ရန်ကုန်မြို့နှင့်ဒလမြို့အကြား နေ့စဉ်လုပ်ငန်းသွားလာသူများ၊ သင်္ဘောစီးခြင်းကို အလေ့အထ ဖြစ်နေသူများနှင့် ခရီးသွားအချို့က ချယ်ရီသင်္ဘောနှင့် သဗ္ဗာန်များကို ဆက်လက်အသုံးပြုနေကြောင်း သိရပါတယ်။ ခရီးသည်အချို့ဟာ သင်္ဘောစီးရာမှာ ကုန်ကျစရိတ်သက်သာခြင်း၊ သွားလာရလွယ်ကူမှုနှင့် မြစ်မြင်ကွင်းကြည့်ရှု နိုင်ခြင်းတို့ကြောင့် သင်္ဘောအသုံးပြုမှု မလျော့သေးတာဖြစ်ကြောင်း သိရပါတယ်။ တံတားဖွင့်လှစ်ပြီးနောက် သွားလာမှု ပုံစံများပြောင်းလဲလာနိုင်ပေမယ့် သင်္ဘောလိုင်းများက ယခုအချိန်အထိ လုပ်ငန်းလည်ပတ်မှု ဆက်လက် ရှိတယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူများကနေ သိရပါတယ်။ မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားကြီးကို ဖေဖော်ဝါရီလ ၁၂ ရက်မှစတင်ကာ ယခင်သတ်မှတ် ထားတဲ့အချိန်ထက် တိုးမြှင့်၍ နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ ဖြတ်သန်းခွင့်ပြုလိုက်ပြီး YBS ယဉ်လိုင်းများဖြစ်တဲ့ ၅၈၊ ၇၂၊ ၁၀၈ ယဉ်လိုင်းတို့က YPPC မှ ယာဉ်အစီးရေ ၂၀ နှင့် YUPT မှ ယာဉ် ၁၀ စီးတို့ဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်ကနေ စတင်ပြေးဆွဲပေးလျက်ရှိပါတယ်။ (NVS 004)

20 Feb

ADVERTISE HERE .