ကုန်ဈေးနှုန်းသတင်း ၁၉.၂.၂၀၂၆

19 Feb

ဖေဖော်ဝါရီလ ၁၉ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်ကျဆင်းနေသလို ပဲတီစိမ်း၊ ပဲလွန်းဖြူနဲ့ ပဲကြီးနဲ့ ပြောင်းဆန်ဈေးတွေလည်း အနည်းငယ် ကျဆင်းလာပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ မန်ကျည်းသီး၊ အာလူးဈေးတွေကတော့ ဈေးငြိမ်နေပါ တယ်။ မတ်ပဲ (FAQ/RC) တစ်တင်းကို ၉၈,၄၂၁ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၀၉,၆၇၁ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၀၆၅ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၁၀၁,၈၂၈ ကျပ်၊ ပဲတီစိမ်း (ဝါးခယ်မ) တစ်ပိဿာကို ၄,၈၃၀ ကျပ်ကနေ ၆,၇၇၀ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၉၁၅ ကျပ်ကနေ ၄,၁၂၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄,၀၅၀ ကျပ်ကနေ ၄,၀၈၅ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၁၀,၄၄၀ ကျပ်ကနေ ၁၀,၆၂၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၃,၆၈၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၁၆၅ ကျပ်ကနေ ၃,၇၈၅ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၀,၀၀၀ ကျပ်ကနေ ၁၀,၃၃၅ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၅၂၀ ကျပ်ကနေ ၁,၅၄၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၃၀၀ ကျပ်ကနေ ၅,၇၀၀ ကျပ်၊ ပဲပုပ်မြစ်ဝ ကျွန်းပေါ်(ဆီတိုး/ အထွက်တိုး) တစ်ပိဿာကို ၆,၆၃၅ ကျပ်ကနေ ၆,၉၂၀ ကျပ်၊ ကြက်သွန်နီ(မြစ်သား) တစ်ပိဿာကို ၂,၀၀၀ ကျပ်ကနေ ၂,၅၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာကို ၁၁,၈၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၃,၉၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ မန်ကျည်းသီး (ပွင့်ကပ်) တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၆,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၄၅၀ ကျပ်ကနေ ၃,၈၀၀ ကျပ်၊ အာလူး(အောင်ပန်း) တစ်ပိဿာကို ၂,၆၀၀ ကျပ်ကနေ ၃,၃၀၀ ကျပ်၊ ငါးရောင်ကြီး တစ်ပိဿာကို ၆၀,၀၀၀ ကျပ်၊ ငါးရောင်လတ် တစ်ပိဿာကို ၄၀,၀၀၀ ကျပ်ကနေ ၄၅,၀၀၀ ကျပ်၊ ငါးရောင်သေး တစ်ပိဿာကို ၃၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၅၃ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၀၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၁၅၅ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၃၄၅ ကျပ်၊ မန္တလေးမှာ ၂,၄၆၀ ကျပ်၊ နေပြည်တော်မှာ ၂,၄၂၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၃၉၅ ကျပ်၊ မန္တလေးမှာ ၂,၅၀၅ ကျပ်၊ နေပြည်တော်မှာ ၂,၄၇၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၄၈၅ ကျပ်၊ မန္တလေးမှာ ၂,၅၉၂ ကျပ်၊ နေပြည်တော်မှာ ၂,၅၅၇ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၇၈၅ ကျပ်၊ မန္တလေးမှာ ၂,၉၀၀ ကျပ်၊ နေပြည်တော်မှာ ၂,၈၆၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၆,၉၀၀,၀၀၀ိ/-) ခြောက်ဆယ် ကိုးသိန်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၁၀,၄၈၀,၀၀၀ိ/-) တစ်ရာ လေးသိန်း ရှစ်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

19 Feb

ADVERTISE HERE .