“ဒလမြို့နယ်၌ နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်လှစ်မည်”
19 Feb
ဒလမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ဒလမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရပါတယ်။ ဖွင့်လှစ်သင်ကြားပေးမည့် အားကစားနည်းများမှာ ဘောလုံးသင်တန်း (နံနက် ၇ နာရီမှ ၉ နာရီ)၊ ဘော်လီဘော (နံနက် ၉ နာရီမှ ၁၁ နာရီ)၊ တိုက်ကွမ်ဒို (မွန်းလွဲ ၂ နာရီမှ ၃ နာရီခွဲ)၊ လက်ဝှေ့ (မွန်းလွဲ ၃ နာရီ ၅ နာရီ)၊ တင်းနစ် (မွန်းလွဲ ၃ နာရီမှ ၅ နာရီ) အထိ ဒလမြို့နယ် ကမာကသွယ်ရပ်ကွက် ဗိုလ်တေဇဘောလုံးပြိုင်ကွင်းနှင့် ဗိုလ်တေဇ အားကစားခန်းမတို့တွင် သင်ကြားပေးသွားမှာဖြစ်ပါတယ်။ အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းများကို မတ်လ ၁ ရက်မှ ၃၀ ရက်အထိ တစ်လကြာ သင်ကြား ပေးသွားမှာဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများအနေနဲ့ ဖုန်း ၀၉-၇၉၀၉၀၀၃၁၁၊ ၀၉-၆၈၈၃၄၅၃၇၄၊ ၀၉-၄၂၀၇၀၀၅၅၈၊ ၀၉-၆၉၈၈၁၄၄၆၈၊ ၀၉-၂၅၉၂၅၅၈၁၅ သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)