“၂၀၂၆ ခုနှစ် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) ဇူလိုင်လတွင် ကျင်းပမည်”

19 Feb

၂ဝ၂၆ ခုနှစ် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)အား ဇူလိုင်လ ၅ ရက်တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရပါတယ်။ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ၌ ရန်ကုန်နှင့် မန္တလေးတို့မှ တစ်ဦးချင်းအလိုက်လျှောက်ထားမည့် ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်နှင့် ၁၀ နှစ်အောက် ဖြေဆိုသူများသည် အွန်လိုင်းမှ လျှောက်ထားရာတွင် Level N1 နှင့် Level N2 အတွက် ဖြေဆိုသူများအနေနဲ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက် မှ ၄ အထိ၊ Level N3 ဖြေဆိုသူများအနေနဲ့ မတ်လ ၅ ရက်မှ ၇ ရက်အထိ၊ Level N4 ဖြေဆိုသူများအနေနဲ့ မတ်လ ၉ ရက်မှ ၁၁ ရက်အထိ၊ Level N5 ဖြေဆိုသူများအနေနဲ့ မတ်လ ၁၂ ရက်မှ ၁၃ ရက်အထိ လျှောက်ထားရမှာဖြစ်ပြီး လျှောက်လွှာများကို Website - https:// schoolform.jlpt-maja.org.mm/ သို့ ဖောင်တင်ခြင်းပြုလုပ်ရမှာဖြစ်ပါတယ်။ အွန်လိုင်းမှလျှောက်ထားရာတွင် System သို့ တစ်ပြိုင်နက်တည်း ဝင်ရောက်ခြင်းအားထိန်းချုပ်နိုင်ရန် လျှောက်လွှာလက်ခံမည့် အချိန်ကို ကြိုတင်အသိပေးသွားမည်မဟုတ်ကြောင်း၊ လျှောက်လွှာလက်ခံသည့် ရက်အတွင်း နေ့ခင်းပိုင်းအချိန်များ၌ ဝင်ရောက်ကာလျှောက်ထားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်နှင့်မန္တလေးရှိ သင်တန်းကျောင်းများသည် ဖေဖော်ဝါရီလ ၁၈ ရက် နံနက် ၉ နာရီမှ ဖေဖော်ဝါရီလ ၂၇ ရက် ညနေ ၄ နာရီခွဲအတွင်း မိမိတို့၏ login ID, Passcode တို့ဖြင့် ဝင်ရောက်လျှောက်ထားနိုင်ပါ တယ်။ လျှောက်ထားရမည့် အသေးစိတ်လမ်းညွှန်ချက်များအား ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း JLPT စာမေးပွဲ ကျင်းပရေးကော်မတီ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) က အသိပေးကြေညာထားရှိပါတယ်။ (NVS-004)

19 Feb

ADVERTISE HERE .