“အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲများ၌ ပြိုင်ပွဲဝင်ပေါင်း ၆,ဝဝဝ ကျော် ပါဝင်ယှဉ်ပြိုင်မည်”

19 Feb

ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ရင်ပြင် အာကာသပြတိုက်(ရန်ကုန်)တွင် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၁ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ပြိုင်ပွဲဝင်ပေါင်း ၆,၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ အာကာသဆိုင်ရာပြိုင်ပွဲများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာအာကာသအေဂျင်စီနှင့် အာကာသ ပြတိုက်(ရန်ကုန်)တို့က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၂၇ ရက်တွင် အခြေခံပညာ အထက်တန်းအဆင့် (Grade 10 မှ Grade 11) ပြိုင်ပွဲများ၊ ဖေဖော်ဝါရီလ ၂၈ ရက်တွင် အခြေခံပညာမူလတန်းအဆင့် (Grade 1 မှ Grade 5) ပြိုင်ပွဲများနှင့် မတ်လ ၁ ရက်တွင် အခြေခံပညာ အလယ်တန်းအဆင့် (Grade 6 မှ Grade 9) ပြိုင်ပွဲများဖြင့် ကျင်းပသွားမှာဖြစ်ပါတယ်။ ပန်းချီပြိုင်ပွဲနှင့်ပိုစတာပြိုင်ပွဲများကို နံနက် ၈ နာရီမှ ၁၁ နာရီအထိ၊ ကာတွန်းပြိုင်ပွဲကို နံနက် ၈ နာရီမှ ၁၀ နာရီ အထိ ယှဉ်ပြိုင်ရကြမှာဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲသည် ပြိုင်ပွဲဝင်အများဆုံး အခြေခံပညာအဆင့်ပြိုင်ပွဲတစ်ခုဖြစ်ပြီး ပြိုင်ပွဲ၌ ထူးချွန်ဆုရရှိသူများ ကို မတ်လ ၄ ရက် တွင် ဆုချီးမြှင့်ပွဲအခမ်းအနားဖြင့် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

19 Feb

ADVERTISE HERE .