“မတ်လထဲမှာ နောက်တစ်ပွဲထိုးသတ်ရမယ့် ကျော်စွာဝင်း”

19 Feb

မြန်မာ့ရိုးရာလက်ဝှေ့သမား ကျော်စွာဝင်း ဟာ လာမယ့်မတ်လတွင် ONE Championship မှာ နောက်ထပ် တစ်ပွဲ ထိုးသတ်သွားဖို့ ရှိနေကြောင်း သိရပါတယ်။ ကျော်စွာဝင်း ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ONE Championship နဲ့ နောက်တစ်စပွဲထိုးသတ်ဖို့အတွက် သဘောတူစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း တရားဝင်အသိပေးခဲ့ပါတယ်။ ကျော်စွာဝင်းနဲ့ ထိုးသတ်မယ့်ပြိုင်ဘက်ဖိုက်တာကို ONE Championship က လတ်တလော မထုတ်ပြန်သေးပေမယ့် လာမယ့်ရက်ပိုင်းအတွင်း ထုတ်ပြန်ပေးသွားဖွယ် ရှိနေပါတယ်။ ကျော်စွာဝင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက ကျင်းပတဲ့ ONE Friday Fights 139 ပြိုင်ပွဲမှာ ဂျပန်ဖိုက်တာ မူဂါကို ဒုတိယအချီမှာ အလဲထိုးပြီးနဲ့ အနိုင်ယူထားခဲ့ပါတယ်။ ကျော်စွာဝင်းဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်အတွင်းက ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မွေထိုင်းကလပ် Fairtex Training Center ကို ရောက်ရှိခဲ့ပြီး ၄ နှစ် စာချုပ် ချုပ်ဆိုထားသူဖြစ်ပါတယ်။ (NVS 008)

19 Feb

ADVERTISE HERE .