“ပရီးမီးယားလိဂ်မှာ ပြန်ကစားလိုကြောင်းနဲ့ကမ္ဘာ့ဖလားကစားခွင့်ရဖို့က အိပ်မက်တစ်ခုဖြစ်ကြောင်း အီဗန်တိုနေး ပြောကြား”
19 Feb
ဆော်ဒီကလပ် အယ်လ်အာလီအသင်းမှာ ကစားနေတဲ့ အင်္ဂလန်တိုက်စစ်မှူး အီဗန်တိုနေး က ပရီးမီးယားလိဂ်မှာ ပြန်ကစားချင်တာက သူ့ရဲ့ရည်မှန်းချက်တစ်ခုဖြစ်ကြောင်းနဲ့ ကမ္ဘာ့ဖလားကစားခွင့်ရဖို့ကလည်း အိပ်မက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အီဗန်တိုနေး ဟာ ၂၀၂၄ နွေရာသီမှာ ဘရန့်ဖို့ဒ်အသင်းကနေ အယ်လ်အာလီအသင်းကို ပေါင်သန်း ၄၀ နဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။ အီဗန်တိုနေး ဟာ အယ်လ်အာလီ အသင်းမှာ ခြေစွမ်းပြနေပြီး လက်ရှိရာသီဆော်ဒီလိဂ်မှာလည်း ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ဦးဆောင်နေ ပါတယ်။ (NVS 008)
19 Feb